Tuesday, May 27, 2014

ADB Tool download နှင့်ADB အကြောင်းကျွန်တော်သိသလောက်

ADB Tool download နှင့်ADB အကြောင်းကျွန်တော်သိသလောက်
ိဒီမှာပါတာတွေက ADB Download link
ADB နဲက bat file သုံးပီးဖုန်းထဲကို apk တွေ install လုပ်နည်း
ADB command နဲ့ Dragစွဲပီးဖုန်းထဲကို installလုပ်တဲ့ bat ဖိုင်တည်ဆောက်နည်း
လေးတွေပေါ့

ကျွန်တော်သိသလောက်လေးပါဟီးးဟီး
အရင်ဆုံး ADB command ဆိုတာလေးကျွန်တော်သိသလိုလေးပြောပြမယ်နော်
အဲ့တာက ဘယ်လိုပြောရမလည်းးးးးးးးးးးးးးဆိုတော့….အန်းးးးးးးးးးးးးးးးးးးးး :P
ADB=Andorid Debug Bridge  Debug ဆိုတာက ပြုပြင်တာပေါ့ဗျာ Bridge ကတံတားပါ
Andorid ဖုန်းကိုပြုပြင်ဖို့တံတားပေါ့ခိခိ ဘာသာပြန်ကြည့်တာ
ကျွန်တော်သိသလိုပြောရရင်တော့  ကွန်ပျူတာ ကနေဖုန်းကို command တွေပေးပီးထိန်း
ချုပ်မှာပါ ဥပမာဗျာ Command line(adb)ကနေ adb reboot လို့ရိုက်ပီးအန်းတားခေါက်
လိုက်ရင်ဖုန်းက restart ကျသွားမယ် command line ကနေပဲ command တွေပေးပီး
ဖုန်းမှာapk installလုပ်မယ် အဲ့လိုလေးပါခိခိ သဘောပေါက်လောက်ပီနော်
အဲ့လိုလုပ်ဖို့တွက် ADB tool ရယ် AndoridီDriver လို့မယ်နော် အောက်မှာကျွန်တော်ပေးထား
ပါတယ်အဲ့မှာdown လိုက်ပါဦးဗျ(၁၆.၅mb rar password:yatsauktarlay)
ပီးတာနဲ့ ရလာတဲ့ဖိုင်ထဲက နေ ADB ဆိုတဲ့ folder ကို C အောက်မှာ စွဲသွင်းထားလိုက်ပါ
နောက်ပီး Driver နှစ်ခု zip ထဲမှာရှိပါတယ်နှစ်ခုလုံးမောင်းပေးလိုက်ပါ
ပီးရင် command တွေစပေးရအောင်  ခိခိ
အောာာာ!!စောတီးးးဖုန်းနဲ့ ကွန်ပူတာလေးနဲ့ ကို cable လေးနဲ့ချိတ်လိုက်ပါဦးလို့
မဟုတ်ရင်ဘယ်ဟာကိုသွားကလိမှာဒုံးးးငိငိ
မေ့နေပြန်ပီ ဖုန်းမှာ လုပ်စရာလိုသေးတယ်
Setting >Developer option ကိုဝင်ပါ  USB Debubbing ကို onပေးထားပါခင်ဗျ :P
ပီးမှ ကွန်ပျူတာနဲ့ချိတ်လိုက်ပါ
C ထဲမှာစောစောကသွင်းထားတဲ့ ADB ပေါ်မှာ shift key ကို ဖိပီး right click ထောက်ပါ
Open command window here ကိုနိပ်ပေးပါ
ကိုယ့်ကွန်ပျူတာက ဖုန်းကိုသိမသိအရင်ဆုံးcommand တစ်ကြောင်းရိုက်ပီးစမ်းပါမယ်
Adb devices လို့ရိုက်ပီးအန်းတားခေါက်လိုက်ပါ
*daemon started successfully*လို့ပေါ်လာရင်ဖုန်းကို command နဲ့ control လုပ်လို့
ရပါပီ မပေါ်ရင်တော့ဖုန်းdriver လိုတာပါ ဒီမှာ ကျွန်တော်နိုင်ငံခြား ကခိုးထားတဲ့ဖုန်း
Driver တွေအစုံရှိပါတယ်ဝင်ဒေါင်းပါ (ကျွန်တော်စမ်းနေတာက Huawei G610ပေါ်မှာပါ)
ADB မှ ဖုန်းအတွင်းသို့ apk install လုက်ကြည့်ခြင်းနှင့် one click tool
လေးတည်ဆောက်ကြည့်ခြင်း
Adb install .\viber.apk
ရှင်းစရာတော့သိပ်ချိပူးနော့ install ဆိုတာလေးလည်းသိပီးသား .\ ဒါလေးက ဒီfolder
အတွင်းကလို့ဆိုလိုတာပါ တနည်းအားဖြင့် ADB ဆိုတဲ့ folder ထဲကပါနားလည်လားတိဝူးးနော့်
ဒါကိုနားလည်ဖို့  ဒီလိုလုပ်ရအောင်  ခိခိ :P
အရင်ဆုံးD ထဲမှာ yst ဆိုတဲ့နာမ်မည်နဲ့ folder ဆောက်ပါ အဲ့ထဲမှာ viber.apk ကိုထည့်ထား
လိုက်ပါ
C ထဲက aDB မှာ shift key ဖိပီး right clic kထောက်open command here မှာနိပ်ပါဦးခင်ဗျ
ပီးရင်
Adb install D:\yst\viber.apk
လို့ရိုက်ပီးအန်းတားခေါက်ပါ ဒါဆိုဖုန်းထဲကို viber ၀င်သွားပါလိမ့်မယ်
ဒီလောက်ဆိုနားလည်လောက်ပီထင်ဒယ်ဂျာာာာာာနားမလည်လည်းတတ်နိုင်ပူးးးးး :P
Cmd ဆိုတာကြီးပါလာတာနဲ့အောင်မျိုးသန့်ကျော်က bat file ရေးဖို့လောက်ပဲချောင်းနေတာ
ခိခိ ခု ကျွန်တော်တို့ဘတ်ဖိုင်ရေးကြရအောင်
ကလစ်တစ်ချက်ထည်းနဲ့ apk မျိုးစုံဖုန်းထဲသွင်းနည်း
ဖုန်းဆိုင်တွေမှာဆိုဒီနည်းလမ်းကိုပဲသုံးတာဗျ bat file လေးကို run ပေးလိုက်တာနဲ့
Facebook ,viber,tango ,whatapp,game အစုံေ၇ာက်သွားရော
အဲ့လိုညိုးလေးများလုပ်ကြည့်ချင်ပူးးလားးးလို့ ????????
အရင်ဆုံး adb ထဲမှာ yatsauktar ဆိုတဲ့ foူlder တစ်ခု ဆောက်ပါ အဲ့ထဲမှာ
Facebook.apk,camera360.apk,Tango.apk
ဒီသုံးခုထည့်လိုက်ပါနာမ်မည်တွေတော့တူပါစေနော့
ပီးရင် window key +R နိပ်ပါ notepad လို့ရိုက်ပီးအန်းတားခေါက်ပါ
အဲ့မှာ
@echo off
Echo This  is  One click install program (_hak hak_)
Adb install  .\yatsauktar\facebook.apk
pause
Adb install .\yatsauktar\camera360.apk
pause
Adb install .\yatsauktar\Tango.apk
Pause
ရိုက်လိုက်ပါ ctrl+S နိပ်ပါ်file name မှာ oneclick.bat လို့ပေးပါ  location မှာ
C:>adb>ထဲမှာသိမ်းလိုက်ပါ ပီးရင်ဖုန်းကြိုးကွန်ပျူတာလေးနဲ့ချိတ်ပီး oneclick .bat
ကို double click ပေးလိုက်ပါ ဒါဆို့င် facebook.apk ကိုအင်စတော့လုပ်ပါလိမ့်မယ်
ပီးတာနဲ့ press any key to continue လို့ပေါ်လာလိမ့်မယ်အန်းတားခေါက်လိုက်ပါ
ပီးရင် camera360.apk ကိုအင်စတော့လုပ်ပါလိမ့်မယ်အန်းပီးရင်အန်းတားဆက်ခေါက်ပါ
Tango.apk ကိုဆက်သွင်းပါလိမ့်မယ် bat file အခြေခံသိရင် နားလည်မှာပါ
Drag စွဲပီးinstall လုပ်ခြင်း
ခေါင်းစဉ်ကိုတော့နားမလည်လောက်ဝူးထင်တယ်ခိခိ
ကျွန်တော်ကဘတ်ဖိုင်တစ်ခုရေးထားမယ်ဗျာ အဲ့ဖိုင်ထဲကို .apk
တစ်ခုစွဲထည့်လိုက်ပီးအန်းတားခေါက်
တာနဲ့အဲ့apk လေးက ဖုန်းထဲမှာ install လုပ်ပီးသားဖြစ်သွားမယ် အဲ့လိုပြောတာပါ
Notepad ဖွင့်လိုက်ပါဦးဗျ
@echo off
Color 0D
:A
cls  
echo.
             
echo                     #################################
echo                     #Drag Program (Yat Sauk Tar Lay)#
echo                     #################################
echo.
echo.


echo             .                      .             . .                 .                      .
echo.
echo.
echo.
set /p yatsauktarlay=            Drag in This:
adb install %yatsauktarlay%
start http://yatsauktarlay1996.blogspot.com/

pause
msg * Done!
goto :A
အပေါ်က code တွေကူးထည့်လိုက်ပါ ရိုက်လိုက်ပါ ctrl+S နိပ်ပါ်file name မှာ Drag.bat
လို့ပေးပါ  location မှာ
C:>adb>ထဲမှာသိမ်းလိုက်ပါ ပီးရင်ဖုန်းကြိုးကွန်ပျူတာလေးနဲ့ချိတ်ပီး Drag.bat
ကိုdouble click လိုက်ပါ command ကျလာရင် ကိုယ်ဖုန်းထဲကို install လုပ်ပေးချင်တဲ့ apk ကို
Command line ထဲစွဲထည့်ပေးလိုက်ပါပီးရင်အန်းတားတစ်ချက်ခေါက်လိုက်ပါ
ဒါဆိုရင်ဖုန်းမှာအင်စတော့လုပ်ပီးသားဖြစ်သွားပါလိမ့်မယ်ခင်ဗျ
Code လေးတွေအကြောင်းနည်းနည်းပြောပြပါ့မယ်
Cmdထဲကို တစ်ခုခု drag စွဲသွင်းလိုက်ရင် သူ့ရဲ့ location ရပါတယ်အဲ့တာလေးကိုသုံးထား
တာပါ
Set /p yatsauktarlay=Drag in this:
Set /p yatsauktarlay ဆိုတာ programming အရပြောရင် variable တစ်လုံးကြေညာလိုက်
တာပါ ညာဘက်ကတော့ user ကိုပြချင်တာလေးပါ
အဲ့Variable ထဲစောစောကDrag စွဲသွင်းလိုက်တဲ့ apk လမ်းကြောင်းက၀င်သွားပါတယ်
အဲ့တာကို %yatsauktarlay% လေးနဲ့ပြန်လက်ခံ၇တာမျိုးပါ
ဒါက programming လေ့လာရင်နားလည်သွားပါလိမ့်မယ်ခင်ဗျ
နားမလည်ရင်ပြန်မေးပါလို့….
ရပ်စောက်သား(IT Learner And Sharer)

0 comments:

Post a Comment