Saturday, March 15, 2014
Home »
Bat Programming
,
CMD
»
USB stick ထဲမှ Virus တွေကိုရှာဖွေသတ်ခြင်း(စိတ်ဝင်စားပါကသေချာဖတ်ပါခင်ဗျာ)
USB stick ထဲမှ Virus တွေကိုရှာဖွေသတ်ခြင်း(စိတ်ဝင်စားပါကသေချာဖတ်ပါခင်ဗျာ)
သိပြီးသားဆရာတွေကတော့ဒီ ကနေပဲလှည်သွားလိုက်နော်..
ဒီလိုပိုစ်တွေအရင်ကလည်းတော်တော်များများတွေ့ဖူးတယ်...ဒါက သူတို့စီကအခြေခံလေးတွေပါပဲ
စာအုပ်ဖတ်လို့လည်းပါပါတယ်
အရင်ဆုံး usb မှာ ဝင်တတ်တဲ့ဗိုင်းရပ်ရဲ့သဘောတရားကိုပြောပြပါမယ်
ဗိုင်းရပ်ရေးတဲ့လူက ဗိုင်းရပ်ကိုstick ထိုးတာနဲ့အလိုလို run အောင်autorun ကိုထည့်ပေးထားပါတယ်
virus ရေးတဲ့သူက System file အဖြစ်သတ်မှတ်ထားတတ်ပါတယ် အဲ့ဒါကြောင့်အဲ့ဗိုင်း၇ပ်ကိုဖြတ်လို့မရပါဘူ
Hidden လုပ်ထားတဲ့အတွက် ဗိုင်းရပ်က ပြောက်နေပါလိမ့်မယ်(foloder and search options ကနေဖော်လည်းမပေါ်ပါဘူး)
ဗိုင်းရပ်ရေးထားတဲ့သူကRead only လို့သတ်မှတ်ထားလို့ပြင်လို့လည်းမရပြန်ပါဘူး....
အိုကေသူ့သဘောလေးတွေသိသွားပြီ(ခိခိ)
အရင်ဆုံးကွန်ပျူတာမှာ autorun ကိုပိတ်ပေးရပါမယ်
ကျတော်ကတော့ window 7 user မလို့ ၇ ကနေပိတ်နည်းပြောပြမယ်နော်
start >search>autorun လို့ရီုက်ထည့်ပါ>ထိပ်ဆုံးကထွက်လာတဲ့ autorun ကိုကလစ်ပါ box ကျလာရင် reset all defaults ကိုကလစ်ပေးပါ(ဘယ်ဘက်အောက်ခြေမှာရှိပါတယ်)အဆိုရင် autorun ပိတ်ပြီးသွားပါပြီ
ဒါက XP ပိတ်နည်းပါ 8ကတော့မသုံးဖူးလို့မသိပါခင်ဗျာ
၁။ပထမဆုံး run ထဲကိုသွားပြီးGpedit.mscလို့ရိုက်လိုက်ပါ။
၂။Computer Configuration ထဲက Administrative Templates ကိုကလစ်ပြီးexpand လုပ်
လိုက်ပါ။အောက်မှာပုံပါ ပါတယ်။
၃။Systemကို double ကလစ်ပါပြီးရင်Settings pane ထဲရောက်သွားပါလိမ့်မယ်။
အဲဒီထဲကမှ Turn off Autoplay ရွေးပါ။
၎။ပြီးရင် setting ထဲက disabled ကိုရွေးပြီးရင် apply ၊ ok နှိပ်ထွက်ပါ။
အဆိုautorun ပိတ်သွားပါပြီ
အဆိုရင် Virus ရှိမယ်ထင်တဲ့ USB stick ကိုထိုးလိုက်ပါ
ပြီးရင် window key+R>cmd လို့ရိုက်ပြီးအန်းတားခေါက်ပါ>အမဲရောင် screen ကြီးကနေအလုပ်လုပ်ရမှာပါ
(အရင်ဆုံး stick ထဲမှာဘယ်လိုဖိုင်တွေရှိတယ်ဆိုတာမှတ်ထားနော် virus ဖိုင်နဲ့မှားနေမှာစိုးလို့ပါ)
အရင်ဆုံး ကိုယ့်စတစ်ရဲ့ Drive name ကိုmy computer ကနေကြည့်ပါ
ဥပမာ E ဆိုပါတော့ဗျာ
E: လို့ရိုက်ပြီးအန်းတားခေါက်ပါ
ဒါဆိုရင် E:\> ဒီလိုလေးပြောင်းသွားပါမယ်
attrib -r -h -s /s /d /l E:\*.*
အန်ားတားခေါက်ပါ(/l အယ်နော် အိုင်နဲ့မှားမယ်)
အဆိုရင် မလိုအပ်တဲ့ဖိုင်တွေပြောက်နေတဲ့ဖိုင်တွေထွက်လာပါမယ်
ကိုစတစ်ကိုဝင်ကြည့်လိုက်ပါ (my computer ကနေ စတစ်ကိုဖွင့်ကြည့်ခိုင်းတာနော်) အရင်ကမပါတဲ့ဖိုင်တွေထွက်လာလိမ့်မယ်
ဥပမာ-autorun.inf , .exe နဲ့ဆုံးတဲ့ဖိုင်တွေ
ကိုဒီဖိုင်ကဘာကြီးမှန်းမသိဘူးအရင်ကလည်းမမြင်ဖူးဘူးဆို၇င်တော့ရဲရဲသာဖြတ်ချလိုက်ပါ
ဒါနဲ့မှမရရင်
attrib -r -h -s /s /d /l E:\*.inf
အန်းတားခေါက်ပါ
ကိုယ့် စတစ်ထဲပြန်ကြည့်ပါဦး
filename ရဲ့နောက်ဆုံးမှာ .inf လို့ပါတဲ့ဖိုင်ကိုရဲရဲသာဖြတ်လိုက်ပါ
အဲ့ကောင်က ဗိုင်းရပ် ရန်းအောင်လုပ်ပေးနေတာ(ဟုတ်ကောဟုတ်လားမသိဘူးဟီးးးး)
နောက်ဆုံးတစ်ကြောင်း
attrib -r -h -s /s /d /l E:\*.exe
နောက်ဆုံးက exe နဲ့ဆုံးတဲ့ဖိုင်တွေထွက်လာပါမယ်
ကိုယ့်စတစ်ကိုသွားပြန်ကြည့်ပါဦးခင်ဗျာ(my computer ကနေသွားပြန်ကြည့်ခိုင်းတာညော်)
နောက်ဆုံးမှာ .exe ဆုံးပြီးကိုယ်မသိတဲ့ဖိုင်များဖြစ်နေမလားလို့
ဖြစ်နေရင်တော့၇ဲရဲသာဖြတ်ချလိုက် အိုကေ ပြီ အကုန်ရှင်းလောက်ပီ
code လေးတွေကိုရှင်းပြမယ်နော်
attrib -r -h -s /s /d /l E:\*.*
attrib ဆိုတာattribute လုပ်တာပါသိချင်ရင် dictionary ၀ယ်ဖတ်ပါခိ
-r -h -s ဆိုတာက ထိပ်ဆုံးမှာကျတော်ပြောပြတဲ့ red only တို့ hidden တို့ system file တို့ကိုပြန်ဖြည်လိုက်တာပါ
တကယ်လို့ +r +h +s သာဆိုရင် ဒါ read red only့ , hidden ,system file လို့ပြန်သတ်မှတ်တာပါ(ဗိုင်းရပ်ရေးလို့ရနေပီနော်)
/s /d /l ကတောပါရာမီတာတွေပါ attrib /? လို့cmd မှာရီုက်ပြီးအန်းတားခေါက်လိုက်ပါ အဆိုသူတို့အကြောင်းကိုသေချာရှင်းပြထားပါလိမ့်မယ်
E:\ ဆိုတာကE drive ထဲဝင်လိုက်တာပါeg: D:\, F:\
*.* ဆိုတာကအကုန်လုံးလို့ဆိုလိုပါတယ်
*.exe (နောက်ဆုံးက .exe မှန်သမှအကုန်လုံး )
*.inf(နောက်ဆုံးက .inf မှန်သမျှအကုန်လုံး)
လို့ဆိုလိုပါတယ်
ဒီလိုခနခနမရိုက်ချင်သူတွေအတွက် bat file လေးတစ်ခါထည်းရေးပေးပါ့မယ် လွယ်လွယ်လေးပါ
@echo off
attrib -r -h -s /s /d /l E:\*.*
attrib -r -h -s /s /d /l E:\*.inf
attrib -r -h -s /s /d /l E:\*.*
attrib -r -h -s /s /d /l F:\*.*
attrib -r -h -s /s /d /l F:\*.inf
attrib -r -h -s /s /d /l F:\*.*
attrib -r -h -s /s /d /l G:\*.*
attrib -r -h -s /s /d /l G:\*.inf
attrib -r -h -s /s /d /l G:\*.*
msg *Done! return your Stick.
အရင်ဆုံးwindow key+R တွဲနိပ်ပါ runbox ကျလာရင် notepad လို့ရိုက်ထည့်ပါ
အပေါ်ကcode လေးတွေnotepad ထဲ ကော်ပီကူးထည့်ပေးပါ
ctrl +S>file name မှာ antivirus.bat လို့ပေးပါ
save as type မှာall file ကိုရွေးပေးပါ
desktop ပေါ်မှာပဲ Save ပေးပါ
run လိုက်ပါ
ခနစောင့်လိုက်ပါ E,F,G သုံးခုလုံးမှာ virus ရှိရင်ထွက်လာပါလိမ့်မယ်
တော်တော်တောင်များသွားပြီ နားမလည်ရင် မေးပါနော်.
ကျတော်သိသလောက်ဖြေပေးပါ့မယ် ဒီ command လေးတွေပဲသိလို့ဒါလေးနဲ့ ပဲလုပ်စားနေတာခိခိ
အားလုံးပဲအဆင်ပြေပါစေခင်ဗျာ
0 comments:
Post a Comment